ဆရာနေလင်းရဲ့ တန်ဆောင်မုန်းလပြည့် ( ၁၁ ) မီးငြှိမ်း အဓိဌာန်က အောက်ပါ အတိုင်းဖြစ်ပါတယ်။
သည်နှစ်တန်ဆောင်မုန်းလပြည့်အနီးမှာ ( ၁၁-၁၁-၁၁ ) တစ်ခြောက်လုံး ၁၁ မီးငြှိမ်း အဓိဌာန်ပြုလုပ်ပါတယ်။
11-11-11 မှာ သရဏဂုံ ပုတီးစိပ် ဖြစ်ပါတယ်။ ဆယ့်တစ်မီးငြှိမ်း အဓိဌာန် အယူတော်မင်္ဂလာဖြစ်ပါတယ်။
ဒါကလည်း 11-1111 ခု 11-11-1911 ခု 11-11-2011 ရှိတဲ့အထဲမှာ အခု ကြုံရတာက 11-11-2011ပါ
နောင် 11- 11- 2111 ပဲ ရှိတော့တာမို့ နှစ်တစ်ရာမှ တစ်ခါရတဲ့အခွင့်အရေးပါ 12-12-12 ခုကတော့ လာမယ့်နှစ် ဒီဇင်ဘာမှာမှ ရမယ် အဲဒါပြီးရင် ပြက္ခဒိန်က ရတဲ့ ရက်ပူးက မရနိုင်တော့ဘူး။
12-11-11 နေ့မှာ သရဏဂုံကိုပဲ ဆက်စိပ်ရပါတယ်
13-11-11 နေ့မှာ လည်း သရဏဂုံပဲ ဖြစ်ပါတယ်။
14 ရက်နေ့ကစလို့ ( အရဟံ ) ဂုဏ်တော်တစ်ခုတည်း ကိုပဲ အနက်နဲ့ ( ခေါက်ရေ ပုတီးစိတ်ရမှာ ) အပတ်ရေ မဟုတ်ပါ။ မစိတ်မီ ပတီး ခေါင်းကနေ 19 လုံး 29 လုံး... စသည်ဖြင့်မှတ်ပြီး စိတ်ရမှာပါ။ အရေအတွက် နည်း လို့ အထင်မသေးပါနှင့် စည်းကမ်းက ရှိပါတယ်။ 1။ အရဟံ ကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရား 2 အရဟံ ဆိတ်ကွယ်ရာအရပ်၌ ပင်မကောင်းမှုကိုပြုတော် မမူသော မြတ်စွာဘုရား။ 3 အရဟံ လူမင်း နတ်မင်း ဗြဟ္မာမင်း တို့၏ ပူဇော်အထူးကို ခံတော်မူ ထိုက်သော မြတ်စွာဘုရား ဟုဆို၍ ပုတီး တစ်လုံးချရပါမည်။ ထို့ပြင် ကျား / မ နေ့ ရက် တို့ ကို မှန်အောင် စိပ်ရန် လိုအပ်ပါသည်။ ပြီးလျှင် ကုသိုလ် အမျှ ပေးဝေ ရပါမည်။
14-11-11 နေ့မှာတော့ အမျိုးသား 20 ခေါက် အမျိုးသမီး 19 ခေါက်
15-11-11 နေ့ 30 29
16-11-11 46 38
17-11-11 58 47
18-11-11 68 57
19-11-11 နေ့တွင် အဓိဌာန် အပြောင်း အလဲ ရှိပါသည် ။ 11 ရက် ပြည့်မှ ပြီးပါမည်။
Saturday, November 12, 2011
ပြေရာ ပြေကြောင်း
““ လူတစ်ယောက်အကြောင်း ”” ““ နောင်တ သံသ ရာ ”” ““ ကျွန်တော် မကောင်း ဘူး ”” ““မသေခင် ဘာလုပ်ကြမလဲ ”” ဆိုတာလေးတွေ ဖတ်ပြီးကြရောပေါ့။ ဒါတွေ ဖတ်ပြီးရင် သိပြီးရင် ဘယ်သူ့ ကိုမှ ဘယ်သူ က အပြစ်မမြင် အပြစ်မတင် ကြပါနဲ့တော့ လူဆိုတာ အကြောင်း အမျိုးမျိုး နဲ့ ပြည့်စုံ ခြင်း မရှိတဲ့ သတ္တ၀ါ NO MEN PERFECT တဲ့လား။ ကဲ ပြေရာပြေကြောင်း လေးတွေ ရေးပြီးပြီ ဆိုတော့ ““ဆရာလင်း”” ကို သည်မနက် သွားမေးထားတဲ့ အကြောင်း လေးတွေ ပြောပြမယ်။
ကျွန်တော့်ဆရာ “လင်း”ဟာ စာအလွန်ဖတ်ပါတယ်။ ဘာသာရေးလည်း လုပ်တယ်။
ဒါပေမယ့် အိမ်ထောင်ရေးမှာ သိပ်အဆင်မပြေဘူး။ စီးပွားရေးကျတော့လည်း ကျတယ်လဲမဟုတ်
တက်လည်းမတက် လုပ်သလိုလည်းမဖြစ်ဘူး ဒါပေမဲ့ လာဘ်လာဘက လည်း ပေါပါတယ်။
ဆရာက ဘယ်သူ့အပေါ်ဖြစ်ဖြစ်
ကောင်းတယ် ခွင့်လွှတ်တယ် မညစ်ပတ်ဘူး အေးအေးနေချင်တယ်
ဆရာတို့ ၃ ကြွင်းရာဇဖွားဆိုတာက အိမ်ထောင်ကံ မကောင်းဘူး
အိမ်ထောင်ဆက် ရှိတတ်တယ် ဆရာက ဒါကို သိပ်ထိန်းတယ်
ဆရာတို့မှာ ကလေး ၂ယောက်ရျိတယ်။ ဆရာက ကလေးတွေ ကို ခင်တွယ်
ပါတယ် ကလေးတွေကိုလည်း ဘ၀တက်လမ်းရှိအောင် သေချာ လုပ်ပေးခဲ့ပါတယ်
အဲသည်ကိစ္စမှာလည်း ဆရာ့ဇနီးဟာတာဝန်ကြေခဲ့တာပဲ ဒါပေမယ့်ဆရာတို့၂ယောက်
ဟာ မျက်နှာချင်းတော့ သိပ်ဆိုင်လို့မရဘူး ဆရာကတော်က ဆရာ့ကို နားလည်ပေး ခွင့်လွှတ်ပေး
လို့ကိုပဲ မရဘူး
ကြာတော့ လွတ်လပ်မှု ကို
မြတ်နိုးတဲ့ဆရာက ( ကျန်းမာရေးမကောင်းတာလည်းပါတယ် )
တရားစခန်းတို့ တရားနာ ဘုရားဖူး အဓိဌာန်ဝင် တာတွေ လုပ်လာရော
ဆရာကလည်း လွတ်လွတ်လပ်လပ်သာ လုပ်ရလို့ကတော့ အတော်ပေါက်မြောက်
အောင်မြင်မှာပါ ဆရာ့မှာ ပါရမီ ရှိတယ်။ ဆရာက ငွေကို ဂရုမစိုက်တဲ့သူ
ငွေရဖို့လုပ်တာမဟုတ်တော့ မခေါ်ဘူး မကြွားဘူး မ၀ါဘူး
သူတတ်တဲ့ ပညာကိုလည်း တတ်တယ် မပြောဘူး
အဲသလိုလူမျိုး ဆရာကခရီးသွားလည်းဝါသနာပါသေးတယ်။ဆရာက
တနင်္လာ မနက် အရဟံ ပုတီး မ 19ခေါက်/ 19ပတ် ကျား 20 ခေါက် / 20 ပတ်
အင်္ဂါ မ 29 ခေါက် /29 ပတ် ကျား 30ခေါက် /30 ပတ်
ဗုဒ္ဓဟူး မ38ခါက် သို့ 38 ပတ် ကျား46 ခေါက် / 46 ပတ်
ကြသပတေး မ 47ခေါက် သို့ 47 ပတ် ကျား 58 ခေါက် / 58 ပတ်
သောကြာ မ 57 ပတ် သို့ 57 ပတ် ကျား 68 ပတ် /86 ခေါက် စိတ်ရမယ်။

မသေခင် ဘာလုပ်ကြ မလဲ
ဘ၀ဆိုတာ အလုပ်လုပ်ခြင်း
ဘ၀ဆိုတာ သေဆုံးခြင်း လို့ပဲ
ဘ၀ကို အဓိပ္ပါယ် ဖွင့်ဆိုချင်ပါတယ်။
လုပ်ချင်တဲ့ အလုပ်ကိုဖြစ်ဖြစ်
မလုပ်ချင်တဲ့ အလုပ်ကိုပဲ ဖြစ်ဖြစ်
လုပ်နေရတာဟာ ဘ၀ ပါပဲ။
မနေ့က ဘ၀ သေဆုံးပြီးမှ ဒီနေ့ ဘဝ
ပြီးခဲ့တဲ့ နာရီ မိနစ် စက္ကန့် ဘ၀သေဆုံးပြီးမှ
အခု နာရီ မိနစ် ဘ၀ စက္ကန့် ဘ၀ ဖြစ်ရတဲ့အတွက်
အချိန်တိုင်း သေဆုံးနေရခြင်းဟာ ဘ၀ ပါပဲ။
အရေးကိစ္စ ကြုံတိုင်း ကြုံတိုင်း
ကိုယ်အားထုတ် ထားခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေ
အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေကို
သစ္စာဆိုပြီး ဆုတောင်းပါ
လိုအင်ဆန္ဒ အားလုံး ပြည့်ဝပါလိမ့်မယ်။

အရှင်ဆန္ဒာဓိက ဆရာတော်
မသေခင် ဘာလုပ်ကြမလဲ တရားတော် စာအုပ်မှ
ငြိမ်းချမ်း အေးမြခြင်းကို အတူတူ ခံစားမယ်
“ဥာဏ်နည်းတဲ့ သူတွေဟာ သူများကိုချည်း အပြစ်တင် နေတတ်တယ်
ဥာဏ်နည်းနည်းရှိသူ တွေကျတော့ ကိုယ့်ကိုယ်ကိုယ်ပဲအပြစ်တင်တော့တယ်။
ဥာဏ်ပညာ ပြည့်စုံသွားတဲ့ သူကျတော့ သူများကိုလည်းအပြစ်မတင်ဘူး
ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်မတင်ဘူး ဘာဖြစ်လို့ဆိုတော့
သူ့မှာ အပြစ်တင်စရာ ပုဂ္ဂိုလ် သတ္တ၀ါ ဆိုတာမှ မရှိတော့တာ ”
စိတ်ဆိုတာ မကောင်းမှုမှာ မွေ့လျော်တတ်လေတော့
အကုသိုလ် စေတသိက် လွှမ်းမိုးနေတဲ့အခါ ပညတ်တွေက ဒု နဲ့ ဒေး
ဝင်လာပြီး အဆင်မပြေမှုတွေ မှန်သမျှ သူများကြောင့်
ဆိုတဲ့ အတွေးတွေ ၀င်တတ်ပါတယ်။
သတိပဌာန်တရားရဲ့ အထောက်အပံ့ရသွားတဲ့ စိတ်မှာတော့
ကုသိုလ်စေတသိက် လွှမ်းမိုးသွားလို့
ယောနိသောမနသိကာယ ထားနိုင်ပြီး
နှလုံးသွင်းမှန်လာတဲ့အခါ အဆင်မပြေမှုတွေဟာ ကိုယ့်ကြောင့် ပါလား
ဆိုတဲ့ အတွေးတွေ ၀င်လာတတ်တယ်။
ကိုယ့်မှာ တာဝန်ရှိတယ် ကိုယ့်အပြစ်တွေ ပါပဲ
ကိုယ်က သံသရာမှာ ပျော်မွေ့ နေ တာကိုး
ကိုယ်ပျော်မွေ့ချင်တဲ့ ပတ်ဝန်းကျင်ဟာ ကိုယ့်ကို စိတ်ချမ်းသာမှု
အပြည့်အ၀ ပေးနိုင်ရဲ့လား
သူတစ်ပါးကို အပြစ်မမြင် အပြစ် မတင်တော့ပဲ
ကိုယ့်အပြစ်ကိုသာ များများမြင်ပါရစေ
ကိုယ့်အပြစ်ကို မြင်ရင်းနဲ့ပဲ
သူတစ်ပါးအပေါ် ကိုယ်ချင်းစာနာစိတ်နဲ့
မေတ္တာသက်ဝင် ချစ်ခင်နိုင် ပါရစေ
စာရေးဆရာ ( ဦး) မြသန်းစံ
““ ကျွန်တော် မကောင်းဘူး ”“ ၂၀၀၇ စာအုပ်မှ
လူတစ်ယောက် အကြောင်း
လူတစ်ယောက် မှားနေတယ်
အဲသည်လူက သူမှားနေတာကို ပြင်ပေးရင် မကြိုက်ဘူး။
ဆိုရင် သွားမပြင်နဲ့နော် မှန်တာ ကိုလည်း မပြောနဲ့တော့ နော်
သူ့ကို ဝေးဝေး ရှောင်နေမှ ကောင်းမှာ ဆိုရင်လည်း ဝေးဝေးသာရှောင်တော့
သူ့မှာ စိတ်ဝေဒနာ တစ်ခုခု ရှိနေပြီ စိတ်ဝေဒနာဆိုတာ သိပ်ကြောက်ဖို့ကောင်းတယ်။
အမှန်နဲ့အမှား ကျေးဇူးရှင် ဆရာသမား မိဘ ဘာမှ မသိပါဘူး
အလိုအလျောက် ဖေါက်ပြန်နေတာမို့
ကြောက်ဖို့ အလွန်ကောင်းတာပါ။
ကြံမိမှား၍
တရားနောင်တ နေခြည်ပသို့
ရခဲ့သည်လည်း များခဲ့ပြီ။
ဆိုမိမှား၍
တရားနောင်တ နေခြည်ပသို့
ရခဲ့သည်လည်း များခဲ့ပြီ။
ပြုမိမှား၍
တရားနောင်တ နေခြည်ပသို့
ရခဲ့သည်လည်း များခဲ့ပြီ။
နောင်တကင်းရာ မြတ်ချမ်းသာကို
ငါလျှင် ဘယ်နံ့ ရပါအံ့ ဟု
မျှော်ငံ့ခိုက်တွင် နေမင်းဝင်သည်
မှောင်တွင် စမ်း၍ လှမ်းရသော။
စတဲ့သူတွေကို မပြောသင့်တာတွေ ပြောမိ
မပြုသင့်တာတွေ ပြုမိ ကြည့်ရှုစောင့်ရှောက်နိုင်ပါလျက်
မကြည့်ရှု မစောင့်ရှောက် ကြည့်ရျုစောင့်ရျောက်မယ် လုပ်တော့
မိအို ဘအို အကိုကြီး အမကြီး စတာတွေက မ၇ှိပြီ
ညီငယ်ညီမငယ် တို့အပေါ်မှာလည်းသည်လိုပဲ
မိမိသားသမီး အပေါ်မှာလည်း သည်လိုပါပဲ
သည်လိုပြောခဲ့မိရင်အကောင်းသား
သည်လိုပြုမူမိရင်အကောင်းသား
ဆိုပြီး နောင်တ ရတယ် အမှန်သိတော့ ပြင်တော့မယ် အလုပ်လုပ်တော့မယ် ဆောင်ရွက်တော့မယ် ဆိုတော့
အချိန်မရှိတော့ဘူး နေ၀င်သွားပြီ နောက်ကျသွားပြီ
ဒီတစ်ခါ နောင်တတွေ ထပ်ဖြစ်
မှောင်တွင်စမ်း၍ လှမ်းရသော ဆိုတဲ့အတိုင်း
နောင်တတွေနဲ့ အတူ
ဘ၀မှောင်ထဲမှာ စမ်းတ၀ါး လျှောက်လှမ်းရင်း
ပျောက်ကွယ်သွားရတဲ့ လူအဖြစ်ဟာ ကြေကွဲဖွယ် ကောင်းမှာပါပဲ။
အဲသည်လူက သူမှားနေတာကို ပြင်ပေးရင် မကြိုက်ဘူး။
ဆိုရင် သွားမပြင်နဲ့နော် မှန်တာ ကိုလည်း မပြောနဲ့တော့ နော်
သူ့ကို ဝေးဝေး ရှောင်နေမှ ကောင်းမှာ ဆိုရင်လည်း ဝေးဝေးသာရှောင်တော့
သူ့မှာ စိတ်ဝေဒနာ တစ်ခုခု ရှိနေပြီ စိတ်ဝေဒနာဆိုတာ သိပ်ကြောက်ဖို့ကောင်းတယ်။
အမှန်နဲ့အမှား ကျေးဇူးရှင် ဆရာသမား မိဘ ဘာမှ မသိပါဘူး
အလိုအလျောက် ဖေါက်ပြန်နေတာမို့
ကြောက်ဖို့ အလွန်ကောင်းတာပါ။
နောင်တ သံ သ ရာ
တရားနောင်တ နေခြည်ပသို့
ရခဲ့သည်လည်း များခဲ့ပြီ။
ဆိုမိမှား၍
တရားနောင်တ နေခြည်ပသို့
ရခဲ့သည်လည်း များခဲ့ပြီ။
ပြုမိမှား၍
တရားနောင်တ နေခြည်ပသို့
ရခဲ့သည်လည်း များခဲ့ပြီ။
နောင်တကင်းရာ မြတ်ချမ်းသာကို
ငါလျှင် ဘယ်နံ့ ရပါအံ့ ဟု
မျှော်ငံ့ခိုက်တွင် နေမင်းဝင်သည်
မှောင်တွင် စမ်း၍ လှမ်းရသော။
ဆရာကြီးမင်းသုဝဏ်
မိမိ၏ မိအို ဖအို အကိုကြီး အမကြီး ညီငယ် ညီမငယ်စတဲ့သူတွေကို မပြောသင့်တာတွေ ပြောမိ
မပြုသင့်တာတွေ ပြုမိ ကြည့်ရှုစောင့်ရှောက်နိုင်ပါလျက်
မကြည့်ရှု မစောင့်ရှောက် ကြည့်ရျုစောင့်ရျောက်မယ် လုပ်တော့
မိအို ဘအို အကိုကြီး အမကြီး စတာတွေက မ၇ှိပြီ
ညီငယ်ညီမငယ် တို့အပေါ်မှာလည်းသည်လိုပဲ
မိမိသားသမီး အပေါ်မှာလည်း သည်လိုပါပဲ
သည်လိုပြောခဲ့မိရင်အကောင်းသား
သည်လိုပြုမူမိရင်အကောင်းသား
ဆိုပြီး နောင်တ ရတယ် အမှန်သိတော့ ပြင်တော့မယ် အလုပ်လုပ်တော့မယ် ဆောင်ရွက်တော့မယ် ဆိုတော့
အချိန်မရှိတော့ဘူး နေ၀င်သွားပြီ နောက်ကျသွားပြီ
ဒီတစ်ခါ နောင်တတွေ ထပ်ဖြစ်
မှောင်တွင်စမ်း၍ လှမ်းရသော ဆိုတဲ့အတိုင်း
နောင်တတွေနဲ့ အတူ
ဘ၀မှောင်ထဲမှာ စမ်းတ၀ါး လျှောက်လှမ်းရင်း
ပျောက်ကွယ်သွားရတဲ့ လူအဖြစ်ဟာ ကြေကွဲဖွယ် ကောင်းမှာပါပဲ။
မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာ နန္ဒာသိန်းဇံ
ဒါမျိုးလည်း ဖြစ်တတ်သေးတယ်။
1988 ခုနှစ်က စာပေဆု ရသွားတဲ့ စာအုပ်တစ်အုပ်ရှိတယ်။ စာအုပ်နံမည်ကို နောက်ပိုင်းမှ ပြောမယ်။ အဲသည်စာအုပ်နဲ့ စာပေဆုရသွားတော့ စာရေးသူကို ထီဝါသနာမပါဘူး ဘိုးတော် မယ်တော် အတွက်အချက် နဲ့ အဟောအပြော ဂဏန်းသင်္ချာ 1 2 3 ၀ါသနာ မပါဘူးလို့ ထင်ရလိမ့်မယ်။ တက်တက်လွဲအောင်မှားပါတယ် ခင်ဗျား ။
ကျွန်တော်တို့ကလည်း သည်အကြောင်းတွေ သိပြီးသားဆိုတော့ စာအုပ်တော့ မဖတ်ဖြစ်ဘူး အဲသည်တုန်းက အဲသည်ခေတ်က ချဲ ခေါ်တဲ့ ၃ လုံး အကြောင်း ရေးထားတာပါ။တနေ့မှာ ကျွန်တော်တို့ အဖွဲ့ထဲက စာသမားတယောက်ဟာ အဲသည်စာအုပ်ကို အဟောင်းဆိုင်က ၀ယ်လာတယ် 1988 ကထုတ်တာဆိုတော့ အဲသည် အချိန် 2009 လောက်မှာ အနှစ် 20 21 ရှိပြီ။
အဲသည်စာအုပ်ကို ကျွန်တော်တို့ဆရာက တွေ့ သွားတယ် သူကပြောတယ် တို့အထဲမှာ ချဲ ၀ါသနာပါတဲ့ လူရှိလားတဲ့ ဟာ၇ှိတာပေါ့ ဟိုကောင် ------ တအားချဲထိုးတယ်။ အေး အဲသည်ကောင် ကိုပြောလိုက် မင်း ချဲပေါက်ချင်ရင် 777 ရယ် 770 700 000 ကိုသာထိုး 7 နဲ့ 0 ပဲ ပါမယ် မပါရင် မထိုးနဲ့ လို့ ဆရာကပြောလိုက်တယ်။ ဒါနဲ့ စာအုပ်ဝယ်လာတဲ့ ကောင် ပါ 4-500 ဖိုး ထိုး တာပေါ့ အဲသည်နေ့က ချဲထွက်တဲ့နေ့ ဘာပြောကောင်းမလဲ ညနေ ၃ နာ၇ိလည်း ထိုးရော ပွဲစားတန်းမှာ ၀က်ဝက်ကွဲပဲ ထွက်သွားတဲ့ နံပါတ်က 707
အဲဒါ ဘာကြည့်ပြီးပြောတာလဲ ဆရာလို့ ကျွန်တော်က မေးမိတယ် ဆရာလုပ်သူကပြောတယ် မင်းတို့ပြောနေတာ ငါကြားနေတာပဲ ဟိုကောင် စာတိုငညို ယူလာတဲ့ စာအုပ် နံမည် ကပေးတာ
သည်စာအုပ်က 1988 ကထုတ်တာ အခုနဲ့ ဘာမှ မဆိုင်ဘူး အခုကာလ ကိုမညွှန်းဘူး စာအုပ်က ချဲ မထိုးရဘူး ၀ါ ချဲထိုးတာ မကောင်းဘူး လို့ ရေးလို့ စာပေဆုရတာ နေမှာပေါ့ ဒါပေမယ့် ငါ သိတာက ““ ချဲထိုးရင် တဲ ထိုးရမယ် ”” တဲ့ ချဲထိုး မလို့ လား ဒါဆိုရင် “ တဲ ” ကိုပဲ ထိုးကြ လို့ အဓိပ၌ါယ် ဖြစ်နေတယ် ဒါကြောင့် ချဲသမားတွေ မေးလိုက်တော့ ဒီနေ့ဟာ ချဲထွက်မယ့်နေ့ တဲ့ တိုက်တိုက်ဆိုင်ဆိုင်မို့ ငါစဉ်းစားလိုက်တာ တဲ= ဆိုတော့ စနေနံ 7 နဲ့ 0 ပဲ ဒါကို ငါစပ်ကြည့်လိုက်တော့ 8 ကွက်ပဲ ရတယ် များလဲမများ ဘူး ဒါကြောင့် ငါက ကံပေးရင်ပေးမယ် ဒါနိမိတ် ဆိုပြီးပေးလိုက်တာ ။ ထိုနေ့ ညနေ က ကျွန်တော်တို့ ရှမ်းလမ်း ရေအခိုင်ဆိုင်တွင် အ၀ အပြဲ တွယ်ခဲ့ရပါသည်။ ကျွန်တော်တို့က လိုက်မှ မထိုးတာကိုး။
ကျွန်တော့်ဆရာက စာအတော်ဖတ်တာ ဗေဒင် အတိတ်နိမိတ် စာဆိုရင် အတော် ဟောင်းဟောင်းစာအုပ်တွေ လည်း ဖတ်ပါတယ်။ ဆရာကပြောပါတယ် အဲသည်စာအုပ် ကိုကျတော့ ပြောင်းပြန်ကောက်တော့ဟေ့ တဲ့ စာရေးသူက ထီ တို့ ဂဏန်းတို့ အရမ်း ၀ါသနာ ပါတဲ့သူကွ ငါသူ့စာတွေ ဖတ်ဖူးတယ် ဟူသတတ်။

ကိုယ်တွေ့ကြုံခဲ့ဖူးတဲ့ ဖြစ်ရပ်မှန်များ
ကံကောင်းခြင်း ကံဆိုးခြင်းတွေ နဲ့ပသက်ပြီး ရေးထားတဲ့ စာအုပ်တွေ အများကြီး ရှိပါတယ်။ အချို့က လမ်းမှာငွေထုပ်တစ်ထုပ်ကောက်ရတယ်။ ကောက်ရသူက ကံကောင်း တယ်ပေါ့ ပျောက်တဲ့သူကတော့
ကံဆိုးတာပေါ့ဗျာ။
တစ်ချို့လည်းထီထိုးတယ် ထီပေါက်ချင်တယ် ကံကောင်းမှ ထီပေါက်မှာလေ မိမိကံကောင်းမကောင်း
ဗေဒင်မေးကြတယ် ဗေဒင်ဆရာအချို့က ရှေးမှတ်တမ်းမှတ်ရာနဲ့ ချိန်ထိုးထားတဲ့ ဗေဒ အယူအဆ
တွေနဲ့ တွက်ထုတ်ပါတယ်။
ကျွန်တော်တွေ့ဖူးတဲ့ ဆရာတစ်ယောက်ကျပြန်တော့ အတိတ် နိမိတ် တဘောင် စနည်း ဘဝေ် ဆိုတဲ့
မြန်မာ့ရိုးရာ ယုတ္တိပညာ အယူတော်မင်္ဂလာကို ဟောတာ။ သူ့ပညာကလည်း အတွေ့အကြုံဗဟုသုတ
အများကြီး လိုတယ်။ အဲသလိုတွေ့ဖူး ကြုံဖူး ရှိမှ လည်းဟောနိုင်မယ် လို့ ထင်တယ်။
ကြိုတင်နိမိတ်ဖတ်ရတာ ဖြစ်လေတော့ အမှား အမှန် YES , NO ဖြစ်လေ့ဖြစ်ထ ရှိတယ်။
ဥပမာ မနက်ဖြန် ငွေဈေး တက်မလားကျမလား သိချင်တယ် ဆိုပါစို့။
မြန်မာ့ရိုးရာမှာလည်း ကုန်ဈေးတက်မတက် ကုန်ရောင်း ဈေး ကောင်းမကောင်း ခရီးသွားကောင်းမကောင်း ဆိုတာတွေ ရှိတယ် ။ အဲသည်တော့ တွက်ချက် ကြည့်သူရှိသလို
အတိတ်နိမိတ် အယူတော်မင်္ဂလာ ယူတာ လည်းတွေ့ဖူးပါတယ်။
ကျွန်တော် လူတစ်ယောက်ကို စတွေ့တုန်းက ကုန်သည်ဘ၀ပါ သူလည်းစီးပွားရေးသမားပဲ
2006 လောက်ဖြစ်မယ် အဲသည်အချိန်က သည်နေ့ ရောင်းသူဝယ်သူ လာမလာ ဘာရောင်းရ မရောင်းရ
ဆိုတာတွေကို တွက်ချက်လေ့ရျိပါတယ်။ တနေ့မှာ ကျွန်တော့် မိတ်ဆွေကို ကားတစ်စီး ရောင်းဖို့ လာစပ်ပါတယ် ရောင်းသူက ကိုကျော်စိုးတဲ့ ကျွန်တော့်မိတ်ဆွေ ဆရာက ဘာကားလဲ မေးလိုက်တဲ့အခါ -------ကား လို့ ပြောပါတယ်။ ဒါနဲ့ ကျွန်တော့် မိတ်ဆွေဆရာ ကို ၀ယ်မည့်သူက မေးငေါ့ပြတယ် ဆရာ ဘဲ့နဲ့လဲ ပေါ့ ဆရာက တစ်ချက်စဉ်းစားပြီး ဈေး ဘယ်လောက်လဲ လို့ မေးပါတယ်။ ကားဝယ်မယ့်သူဖက်ကဆိုတော့ တိုးတိုးတိတ်တိတ် နားနားကပ်ပြောတာပေါ့ ဆရာက
လည်းခပ်တိုးတိုး ပြောလိုက်တယ် ဒါ ရရင် ၀ယ်လိုက်တဲ့
တကယ်ပါပဲ အဲသည်ကား အရောင်းအ၀ယ်ဖြစ်လို့ ပွဲစားတွေ ကြင်နာကြေး တယောက် ၂၀၀၀ စီရကြတယ်။ ပြီးတော့ မှ ဆရာ့ ကို ခေါ်လာပြီး ဆရာရေ့ ၀ယ်တော့ ပြီြးိ့ ပီ ဘယ်လိုလုပ်ကြမလဲ ဆိုတော့ မပူနဲ့ ငါ့မှာ ၀ယ်လက်ရှိတယ် 23 လမ်းက တရုတ် ကိုစိန်ကြူ ကို သွားပြတယ်
ကိုစိန်ကြူကြိုက်လို့ 32 သိန်းပေး ၀ယ်လိုက်တယ် ။ ကဲ ဘာကားနဲ့ ၀ယ်ဈေး ဘယ်လောက် ထင်သလဲ ကားကတော့ ဆာ့ဖ် ကား ၀ယ်ဈေးက 23 သိန်းဗျာ။

Subscribe to:
Posts (Atom)