ဆရာကြီးနေလင်းက 18 12 2011 မှာ အဓိဋ္ဌာန်ခရီး စထွက် သွားပါပြီ ဆရာကြီး ပြောကြားချက်များကို မှတ်သားထားပါ။
ဆရာကြီးက 18 12 2011 ညမှာ ကတည်းက ကံကော်သီး တစ်လုံး နှင့် ထောပတ်သီး တစ်လုံး ကို 1100 ဖိုး ဆွမ်းတော်တင် ခိုင်းပါသည်။
ဆရာကြီး မိတ်ဆွေ ကိုနဂါး နှင့်တွေ့ပြီး တနင်္လာနေ့ မနက်မှာ ပန်းပွင့် များ ကောင်းကြောင်း ပြောသွားပါသည်
ဆရာကြီးမှာ မွေးနေ့ သက်လွှတ် စားခိုင်းပါသည်။ တနင်္လာနေ့တွင် မွေးနေ့ လုပ်မည် ဖြစ်ကြောင်း ရွှေတိဂုံ တနင်္ဂနွေထောင့် တွင် 9 နာရီထိ ရှိနေမည် ဖြစ်ပါကြောင်း။
ညဖက်တွင် ကိုဝိုက်ချူး ထံ မက်ဆိပ်ခ်ျ ပို့မည် ဖြစ်ကြောင်း
ဆရာကြီး အမှာစကားများ
မင်္ဂလာကား 729 လုံးတူ ဂရုပြု။
ကိုနဂါး 279
ပန်းပွင့် 538
ကိုဝိုက်ချူး
ကိုယ်တွေ့ အယူတော်မင်္ဂလာ
အတိတ်နိမိတ် တဘောင် စနည်း ဘဝေါ ကိုယ်တွေ့များ
Sunday, December 18, 2011
Saturday, December 17, 2011
Tuesday, December 13, 2011
ဆရာနေလင်း အဓိဋ္ဌာန်ခရီး ( ၂ )
ဆရာနေလင်း အဓိဌာန် ခရီး ( ၂ ) မှာ အလွန်တရာ အားထားရတဲ့ ဆရာတစ်ဆူ ဖြစ်တဲ့ ဆရာတော် ဦးသုမင်္ဂလ ( ဦးဇင်း သန်းဝင်း ) ပျံတော်မူရှာပါပြီ 10-12-2011 စနေနေ့မှာ ပျံတော်မူတာပါ။ 16-12-2011 မှာ အန္တိမ အဂ္ဂိ ဈာပန ပြု ပါလိမ့်မယ်။ သည်အတွက်လည်း ဆရာနေလင်း အဓိဌာန်ထားပါတယ်။
အခြားသော အကြောင်း တစ်ရပ်ကတော့ ဆရာ့မွေး နေ့ပါပဲ ဆရာ့မွေးနေ့ က သည်လ ထဲမှာလေ ဆရာ အဓိဌာန် ထဲမှာ မွေးနေ့ အဓိဌာန်ပါပါ တယ်။
တတိယ အချက် လည်း ပါသေးတယ်။ အဲဒါကတော့ မိတ်ဆွေ ထဲက ပလေယာ တစ်ယောက်ပါပဲ အဲသည်ပလေ ယာကလည်း ဆရာ့ ဘ၀မှာ အမှတ်ရစရာပါ။
သည်နေ့ 84 11 ဆရာ ယူဆ တာပါ ဆရာ့ ထံ မနက်ပိုင်း နိမိတ်ပေးသူများကတော့ ၀င်းမြင့် ပါ ၀င်းမြင့် ထံက 8 တလုံး ရပြီး သမီး ငယ် ထံက 3 တစ်လုံး နဲ့ 1 တစ်လုံးရပါတယ်။
ဆရာ့ အဓိဌာန် ရက်နဲ့ ရောက်နေတဲ့အတွက်
84 52 11 အဓိက ထားပါ 55 ဂရုတစ်စိုက် လုပ်နိုင်ရင် ကောင်းပါတယ်။

Saturday, November 12, 2011
ဆရာနေလင်း ရဲ့ အဓိဌာန်များ ( ခရီး ၁ )
ဆရာနေလင်းရဲ့ တန်ဆောင်မုန်းလပြည့် ( ၁၁ ) မီးငြှိမ်း အဓိဌာန်က အောက်ပါ အတိုင်းဖြစ်ပါတယ်။
သည်နှစ်တန်ဆောင်မုန်းလပြည့်အနီးမှာ ( ၁၁-၁၁-၁၁ ) တစ်ခြောက်လုံး ၁၁ မီးငြှိမ်း အဓိဌာန်ပြုလုပ်ပါတယ်။
11-11-11 မှာ သရဏဂုံ ပုတီးစိပ် ဖြစ်ပါတယ်။ ဆယ့်တစ်မီးငြှိမ်း အဓိဌာန် အယူတော်မင်္ဂလာဖြစ်ပါတယ်။
ဒါကလည်း 11-1111 ခု 11-11-1911 ခု 11-11-2011 ရှိတဲ့အထဲမှာ အခု ကြုံရတာက 11-11-2011ပါ
နောင် 11- 11- 2111 ပဲ ရှိတော့တာမို့ နှစ်တစ်ရာမှ တစ်ခါရတဲ့အခွင့်အရေးပါ 12-12-12 ခုကတော့ လာမယ့်နှစ် ဒီဇင်ဘာမှာမှ ရမယ် အဲဒါပြီးရင် ပြက္ခဒိန်က ရတဲ့ ရက်ပူးက မရနိုင်တော့ဘူး။
12-11-11 နေ့မှာ သရဏဂုံကိုပဲ ဆက်စိပ်ရပါတယ်
13-11-11 နေ့မှာ လည်း သရဏဂုံပဲ ဖြစ်ပါတယ်။
14 ရက်နေ့ကစလို့ ( အရဟံ ) ဂုဏ်တော်တစ်ခုတည်း ကိုပဲ အနက်နဲ့ ( ခေါက်ရေ ပုတီးစိတ်ရမှာ ) အပတ်ရေ မဟုတ်ပါ။ မစိတ်မီ ပတီး ခေါင်းကနေ 19 လုံး 29 လုံး... စသည်ဖြင့်မှတ်ပြီး စိတ်ရမှာပါ။ အရေအတွက် နည်း လို့ အထင်မသေးပါနှင့် စည်းကမ်းက ရှိပါတယ်။ 1။ အရဟံ ကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရား 2 အရဟံ ဆိတ်ကွယ်ရာအရပ်၌ ပင်မကောင်းမှုကိုပြုတော် မမူသော မြတ်စွာဘုရား။ 3 အရဟံ လူမင်း နတ်မင်း ဗြဟ္မာမင်း တို့၏ ပူဇော်အထူးကို ခံတော်မူ ထိုက်သော မြတ်စွာဘုရား ဟုဆို၍ ပုတီး တစ်လုံးချရပါမည်။ ထို့ပြင် ကျား / မ နေ့ ရက် တို့ ကို မှန်အောင် စိပ်ရန် လိုအပ်ပါသည်။ ပြီးလျှင် ကုသိုလ် အမျှ ပေးဝေ ရပါမည်။
14-11-11 နေ့မှာတော့ အမျိုးသား 20 ခေါက် အမျိုးသမီး 19 ခေါက်
15-11-11 နေ့ 30 29
16-11-11 46 38
17-11-11 58 47
18-11-11 68 57
19-11-11 နေ့တွင် အဓိဌာန် အပြောင်း အလဲ ရှိပါသည် ။ 11 ရက် ပြည့်မှ ပြီးပါမည်။

ပြေရာ ပြေကြောင်း
““ လူတစ်ယောက်အကြောင်း ”” ““ နောင်တ သံသ ရာ ”” ““ ကျွန်တော် မကောင်း ဘူး ”” ““မသေခင် ဘာလုပ်ကြမလဲ ”” ဆိုတာလေးတွေ ဖတ်ပြီးကြရောပေါ့။ ဒါတွေ ဖတ်ပြီးရင် သိပြီးရင် ဘယ်သူ့ ကိုမှ ဘယ်သူ က အပြစ်မမြင် အပြစ်မတင် ကြပါနဲ့တော့ လူဆိုတာ အကြောင်း အမျိုးမျိုး နဲ့ ပြည့်စုံ ခြင်း မရှိတဲ့ သတ္တ၀ါ NO MEN PERFECT တဲ့လား။ ကဲ ပြေရာပြေကြောင်း လေးတွေ ရေးပြီးပြီ ဆိုတော့ ““ဆရာလင်း”” ကို သည်မနက် သွားမေးထားတဲ့ အကြောင်း လေးတွေ ပြောပြမယ်။
ကျွန်တော့်ဆရာ “လင်း”ဟာ စာအလွန်ဖတ်ပါတယ်။ ဘာသာရေးလည်း လုပ်တယ်။
ဒါပေမယ့် အိမ်ထောင်ရေးမှာ သိပ်အဆင်မပြေဘူး။ စီးပွားရေးကျတော့လည်း ကျတယ်လဲမဟုတ်
တက်လည်းမတက် လုပ်သလိုလည်းမဖြစ်ဘူး ဒါပေမဲ့ လာဘ်လာဘက လည်း ပေါပါတယ်။
ဆရာက ဘယ်သူ့အပေါ်ဖြစ်ဖြစ်
ကောင်းတယ် ခွင့်လွှတ်တယ် မညစ်ပတ်ဘူး အေးအေးနေချင်တယ်
ဆရာတို့ ၃ ကြွင်းရာဇဖွားဆိုတာက အိမ်ထောင်ကံ မကောင်းဘူး
အိမ်ထောင်ဆက် ရှိတတ်တယ် ဆရာက ဒါကို သိပ်ထိန်းတယ်
ဆရာတို့မှာ ကလေး ၂ယောက်ရျိတယ်။ ဆရာက ကလေးတွေ ကို ခင်တွယ်
ပါတယ် ကလေးတွေကိုလည်း ဘ၀တက်လမ်းရှိအောင် သေချာ လုပ်ပေးခဲ့ပါတယ်
အဲသည်ကိစ္စမှာလည်း ဆရာ့ဇနီးဟာတာဝန်ကြေခဲ့တာပဲ ဒါပေမယ့်ဆရာတို့၂ယောက်
ဟာ မျက်နှာချင်းတော့ သိပ်ဆိုင်လို့မရဘူး ဆရာကတော်က ဆရာ့ကို နားလည်ပေး ခွင့်လွှတ်ပေး
လို့ကိုပဲ မရဘူး
ကြာတော့ လွတ်လပ်မှု ကို
မြတ်နိုးတဲ့ဆရာက ( ကျန်းမာရေးမကောင်းတာလည်းပါတယ် )
တရားစခန်းတို့ တရားနာ ဘုရားဖူး အဓိဌာန်ဝင် တာတွေ လုပ်လာရော
ဆရာကလည်း လွတ်လွတ်လပ်လပ်သာ လုပ်ရလို့ကတော့ အတော်ပေါက်မြောက်
အောင်မြင်မှာပါ ဆရာ့မှာ ပါရမီ ရှိတယ်။ ဆရာက ငွေကို ဂရုမစိုက်တဲ့သူ
ငွေရဖို့လုပ်တာမဟုတ်တော့ မခေါ်ဘူး မကြွားဘူး မ၀ါဘူး
သူတတ်တဲ့ ပညာကိုလည်း တတ်တယ် မပြောဘူး
အဲသလိုလူမျိုး ဆရာကခရီးသွားလည်းဝါသနာပါသေးတယ်။ဆရာက
တနင်္လာ မနက် အရဟံ ပုတီး မ 19ခေါက်/ 19ပတ် ကျား 20 ခေါက် / 20 ပတ်
အင်္ဂါ မ 29 ခေါက် /29 ပတ် ကျား 30ခေါက် /30 ပတ်
ဗုဒ္ဓဟူး မ38ခါက် သို့ 38 ပတ် ကျား46 ခေါက် / 46 ပတ်
ကြသပတေး မ 47ခေါက် သို့ 47 ပတ် ကျား 58 ခေါက် / 58 ပတ်
သောကြာ မ 57 ပတ် သို့ 57 ပတ် ကျား 68 ပတ် /86 ခေါက် စိတ်ရမယ်။

မသေခင် ဘာလုပ်ကြ မလဲ
ဘ၀ဆိုတာ အလုပ်လုပ်ခြင်း
ဘ၀ဆိုတာ သေဆုံးခြင်း လို့ပဲ
ဘ၀ကို အဓိပ္ပါယ် ဖွင့်ဆိုချင်ပါတယ်။
လုပ်ချင်တဲ့ အလုပ်ကိုဖြစ်ဖြစ်
မလုပ်ချင်တဲ့ အလုပ်ကိုပဲ ဖြစ်ဖြစ်
လုပ်နေရတာဟာ ဘ၀ ပါပဲ။
မနေ့က ဘ၀ သေဆုံးပြီးမှ ဒီနေ့ ဘဝ
ပြီးခဲ့တဲ့ နာရီ မိနစ် စက္ကန့် ဘ၀သေဆုံးပြီးမှ
အခု နာရီ မိနစ် ဘ၀ စက္ကန့် ဘ၀ ဖြစ်ရတဲ့အတွက်
အချိန်တိုင်း သေဆုံးနေရခြင်းဟာ ဘ၀ ပါပဲ။
အရေးကိစ္စ ကြုံတိုင်း ကြုံတိုင်း
ကိုယ်အားထုတ် ထားခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေ
အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေကို
သစ္စာဆိုပြီး ဆုတောင်းပါ
လိုအင်ဆန္ဒ အားလုံး ပြည့်ဝပါလိမ့်မယ်။

အရှင်ဆန္ဒာဓိက ဆရာတော်
မသေခင် ဘာလုပ်ကြမလဲ တရားတော် စာအုပ်မှ
ငြိမ်းချမ်း အေးမြခြင်းကို အတူတူ ခံစားမယ်
“ဥာဏ်နည်းတဲ့ သူတွေဟာ သူများကိုချည်း အပြစ်တင် နေတတ်တယ်
ဥာဏ်နည်းနည်းရှိသူ တွေကျတော့ ကိုယ့်ကိုယ်ကိုယ်ပဲအပြစ်တင်တော့တယ်။
ဥာဏ်ပညာ ပြည့်စုံသွားတဲ့ သူကျတော့ သူများကိုလည်းအပြစ်မတင်ဘူး
ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်မတင်ဘူး ဘာဖြစ်လို့ဆိုတော့
သူ့မှာ အပြစ်တင်စရာ ပုဂ္ဂိုလ် သတ္တ၀ါ ဆိုတာမှ မရှိတော့တာ ”
စိတ်ဆိုတာ မကောင်းမှုမှာ မွေ့လျော်တတ်လေတော့
အကုသိုလ် စေတသိက် လွှမ်းမိုးနေတဲ့အခါ ပညတ်တွေက ဒု နဲ့ ဒေး
ဝင်လာပြီး အဆင်မပြေမှုတွေ မှန်သမျှ သူများကြောင့်
ဆိုတဲ့ အတွေးတွေ ၀င်တတ်ပါတယ်။
သတိပဌာန်တရားရဲ့ အထောက်အပံ့ရသွားတဲ့ စိတ်မှာတော့
ကုသိုလ်စေတသိက် လွှမ်းမိုးသွားလို့
ယောနိသောမနသိကာယ ထားနိုင်ပြီး
နှလုံးသွင်းမှန်လာတဲ့အခါ အဆင်မပြေမှုတွေဟာ ကိုယ့်ကြောင့် ပါလား
ဆိုတဲ့ အတွေးတွေ ၀င်လာတတ်တယ်။
ကိုယ့်မှာ တာဝန်ရှိတယ် ကိုယ့်အပြစ်တွေ ပါပဲ
ကိုယ်က သံသရာမှာ ပျော်မွေ့ နေ တာကိုး
ကိုယ်ပျော်မွေ့ချင်တဲ့ ပတ်ဝန်းကျင်ဟာ ကိုယ့်ကို စိတ်ချမ်းသာမှု
အပြည့်အ၀ ပေးနိုင်ရဲ့လား
သူတစ်ပါးကို အပြစ်မမြင် အပြစ် မတင်တော့ပဲ
ကိုယ့်အပြစ်ကိုသာ များများမြင်ပါရစေ
ကိုယ့်အပြစ်ကို မြင်ရင်းနဲ့ပဲ
သူတစ်ပါးအပေါ် ကိုယ်ချင်းစာနာစိတ်နဲ့
မေတ္တာသက်ဝင် ချစ်ခင်နိုင် ပါရစေ
စာရေးဆရာ ( ဦး) မြသန်းစံ
““ ကျွန်တော် မကောင်းဘူး ”“ ၂၀၀၇ စာအုပ်မှ
Subscribe to:
Posts (Atom)